Taste of Blockchain Technology (Blockchain Part-1)

Justin Thein Kyaw
9 min readMar 6, 2021

Blockchain ဆိုတာ ရှုပ်ထွေးတယ်လို့အများကမြင်ကျပါတယ်။ အရိုးသားဆုံးပြောရရင် Blockchain ဟာ ရှုပ်ထွေးပေမယ့် အဓိက သူ့ရဲ့ Core concept ဟာအရမ်းရိုးရှင်းပါတယ်။ ဒီ Core concept ကိုပဲ စမ်းကျတဲ့ PoC (Proof of Concept) များကိုလည်းရှာဖွေကြည့်လို့ရပါတယ်။

ဒီ Article မှာပြောပြပေးမှာကတော့ Blockchain ရဲ့ Core concept ကို High PoV (Point of view) အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဘယ်သူတွေဖတ်သင့်လဲဆိုတော့ Technology Field ထဲကမှ Blockchain ဆိုတာဘာလဲဆိုပြီး သိစမ်းချင်တဲ့လူတွေအတွက် ဒီ Article ကအဆင်ပြေပါလိမ့်မယ်။

What is Blockchain Technology?

Blockchain ဆိုတာအများမြင်အောင်ပြောရမယ်ဆိုရင် “Blockchain is a kinds of Database.” လို့ပြောလို့ရပါတယ်။ ဆိုလိုချင်တာက Blockchain ရဲ့ အဓိက ရည်ရွယ်ချက် က Data များကို သိမ်းဆည်းခြင်း နှင့် ဖြန့်ဝေခြင်းတို့ပဲဖြစ်ပါတယ်။

ဒီနေရာမှာ ထပ်ဆင့်ပြောချင်တာ Blockchain ဆိုတာက Distributed Ledger အမျိုးအစား တစ်ခုလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။

DLT (Distributed Ledger Technology) ကိုကော Database ကိုကောရဲ့ ရည်ရွယ်ချက်နဲ့ အလုပ်လုပ်ပုံများကို သဘောပေါက်ထားရင် ဒီ Article ဖတ်ရတာ သာမန်ထက် ပို အရသာ ရှိပါလိ့မ်မယ်။ ကျွန်တော့်အနေ နဲ့ Database နဲ့ DLT အကြောင်းကို အနည်းအကျဥ်းရှင်းပြ လိုပါတယ်။

Database

Database ဆိုတာ ပြင်ပမှာသုံးတဲ့ Data တွေကို Digitally transform လုပ်ကာ Digital Format နဲ့ စုစည်းပြီးသိမ်းထားပြီး Computer System ပေါ်မှာသိမ်းတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Database ဟာ Centralized System တစ်ခုဖြစ်ပါတယ်။ Database ဟာ Table format ဖြင့်တည်ဆောက်ထားပြီး သတ်မှတ်ထားတဲ့ Data များကို အချိန်တိုတွင်း ရှာတာ၊ ပြုပြင်တာ၊ ဖျက်တာမျိုးပြုလုပ်လို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

Database ဟာ လူအများကြီး ကို တပြိုင်နက်တည်း အသုံးပြုလို့ရအောင် Design ချထားတာဖြစ်ပါတယ်။

ဥပမာ Bank Sector မှာသုံးတဲ့ Database တစ်ခုပဲဆိုပါစို့။

ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲပြုလုပ်ကျတဲ့ Transaction များစွာကို တပြိုင်နက်တည်းမှာပဲ လုပ်ဆောင်နေကျတာဖြစ်ပါတယ်။ ဒီလို Transaction တွေကို တပြိုင်နက်တည်းမှာပဲ Consistency ရှိရှိလုပ်ဆောင်ဖို့အတွက် Database တွေဟာ ACID Properties ကိုအသုံးပြုကျပါတယ်။

Database ကိုသုံးမယ့် Area ကြီးလာလေလေ Database ကို Run မယ့် Server များဟာ Powerful ဖြစ်လာဖို့လိုလာလေလေ ဖြစ်ပါတယ်။ ဒီနေရာမှာ Database Server ကိုထားမယ့် Geo Location များကလည်း အရေးပါတဲ့အချက်တစ်ခုအနေ နဲ့ပါဝင်ပါတယ်။

ဥပမာ ရန်ကုန်အချင်းချင်း ငွေလွှဲ Transaction ဟာ ရန်ကုန် Server တွင်ပြီးမြောက်စေပြီး Transaction Record များကိုပြီးမြောက်ကာမှ Replica server များမှတဆင့် Data Sync လုပ်ကျတာမျိုးဖြစ်ပါတယ်။

ဒါကြောင့် Database အသုံးပြုမယ့် Sector Area ကကြီးလာလေလေ Administrative လုပ်ဖို့ရာနဲ့ Tolerance လုပ်ဖို့ရာမှာ အခက်အခဲများစွာရှိလာစေပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် Solution တစ်ခုအနေနဲ့ DLT ဟာအရေးပါလာပါတယ်။

Distribute Leger Technology (DLT)

DLT ကိုတော့ Finance Sector များမှာအသုံးများကျပါတယ်။ အဓိက Financial Transaction များကို Record လုပ်ပြီး Distribute လုပ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

Database လိုမျိုး Centralized စနစ်မျိုးမဟုတ်ပဲ Decentralized စနစ်ဖြစ်ပါတယ်။ DTL ကိုအသုံးပြုဖို့ ကနဦး Distribute Network တစ်ခုအရင်တည်ဆောက်ရပါတယ်။ ဒီ Network အတွင်းမှာ Node ပေါင်းများစွာတည်ရှိနိုင်ပြီး Data များကို Distributed Network တွင်းမှာရှိတဲ့ မည်သည့်နေရာ (Node) မှ မဆို record လုပ်နိုင်ပါတယ်။

Network တွင်းသို့ Data ရောက်သည်နှင့် တပြိုင်နက် Node အချင်းချင်း Data ဝေမျှပေးမှာဖြစ်ပါတယ်။

DTL ကို ဝင်ရောက်လာတဲ့ Data ကို Network ထဲမှာရှိတဲ့ Node (or Devices) တိုင်းက Access လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလားဆိုတဲ့ Accessibility ပေါ်မူတည်ပြီး Public, Private ဆိုပြီး Class ခွဲထုတ်လို့ရပါတယ်။

ဒါ့အပြင် Ledger ပေါ်မှာ edit လုပ်ခွင့်ရှိလားမရှိဘူးလားဆိုပြီး Permissioned, Permission less ဆိုပြီး Category ထပ်ခွဲလို့ရပါသေးတယ်။

Blockchain

အပေါ်မှာပြောခဲ့သလို Blockchain ဟာ DTL နဲ့ တော်တော်များများ ဆင်တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ ၂ ခုရဲ့ ကွဲပြားချက်က Blockchain ဆိုတဲ့ Meaning ကို ပိုပေါ်လွင်စေပါတယ်။

Blockchain ဟာ DTL လိုမျိုး Technologies အပါအဝင် အခြားသော Technologies များစွာကို ပေါင်းစည်းထားတဲ့ Concept တစ်ခုဖြစ်ပါတယ်။ Concept တစ်ခုဖြစ်တာမို့လို့ Blockchain ဆိုတာ ဘယ်လို ဘယ်ပုံ အလုပ်ရမယ်ဆိုတဲ့ Standard များသာရှိပါတယ်။ ဒီ Concept များကို အခြေခံပြီး မိမိဟာမိမိ Blockchain technology တစ်ခုကိုရေးသားနိုင်သလို ရှိပြီးသား Blockchain နဲ့ပတ်သတ်ပြီးလုပ်နေတဲ့ Open source project တွေမှာလည်း Collebrate လုပ်နိုင်ပါတယ်။

Blockchain ရဲ့ Idea မြစ်ဖျားခံရာကတော့ How to Secure Chain of block by using Cryptographically ဆိုတဲ့ Theory နဲ့ Distributed Ledger Technology (DTL) Idea တို့ပဲဖြစ်ပါတယ်။

History of Blockchain

“cryptographic secured chains” ကို 1991 မှာ Stuart Haber နဲ့ W Scott Stornetta တို့က သူတို့ရဲ့ Idea ကို Publish လုပ်ခဲ့ပါတယ်။ 1998 မှာတော့ Computer Scientist ပညာရှင် Nick Szabo က DLT Idea ကို Publish လုပ်ခဲ့ပါတယ်။ 2000 ခုနှစ်မှာတော့ “cryptographic secured chains” ကို Implement လုပ်နိုင်မယ့် Theory ကို Stefan Konst က Publish လုပ်ခဲ့ပါတယ်။

အဓိက ကတော့ Finance Transaction တွေကို

  1. အမှားအယွင်းမရှိ Validate လုပ်ဖို့
  2. Distribute လုပ်ဖို့
  3. Transparency ရှိဖို့
  4. Data တွေကို Immutable (တခါထည့်ပြီးတာနဲ့ ပြုပြင်ဖို့မလွယ်အောင်) ဖြစ်ဖို့ တို့ပဲဖြစ်ပါတယ်။

2008 မှာတော့ Satoshi Nakamoto ကတော့ Bitcoin application တစ်ခုနဲ့ပတ်သတ်ပြီး White paper တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီ White Paper ကို အကြမ်းဖျင်းပြောရရင်တော့

  • Peer-to-Peer online မှတဆင့် တိုက်ရိုက် ငွေလွှဲ နိုင်မယ့် Electronic Cash System တစ်ခုကို တည်ဆောက်ချင်တယ်
  • Transfer လုပ်ရာတွင်လည်း Financial institution (တနည်းအားဖြင့် Third party) မှတဆင့်လွှဲရတာမျိုး ကိုရှောင်ဖယ်ချင်တယ်
  • Double-spending Attack များကို ရှောင်ဖယ်ဖို့အတွက် Digital Signature ကိုသုံးမယ်

Double Spending ဆိုသည်မှာ ငွေသုံးမည့် Transaction Approve မဖြစ်သေးခင်မှာ နောက်ထပ် ငွေထပ်သုံးမယ့် Transaction တစ်ခုကို ထပ်လွှင့်တဲ့ Attack ဖြစ်ပါတယ်။

ဥပမာ — ကိုယ့်မှာ ငွေတစ်ရာ ရှိတယ်။ ပန်းသီးတစ်လုံးကို ငွေတရာ ဆိုပါစို့။ ပန်းသီးဝယ်မယ့် အဝယ် Order ကို ၂ ကြိမ် တပြိုင်နက်တည်း လွှင့်ပီး ပိုက်ဆံတရာတည်းနဲ့ ပန်းသီး ၂ လုံး ကိုရအောင် Advantage ယူတဲ့ Attack ဖြစ်ပါတယ်။ ထိုခေတ်အခါက Double spending attack က Finance Sector မှာ အကြီးမှာဆုံးစိန်ခေါ်မှုလည်းဖြစ်ခဲ့ပါတယ်။

ဒီအချက်ကြောင့်ပဲ Bitcoin application နဲ့ Blockchain ဟာ နာမည်ရလာပါတယ်။

  • ထည့်သွင်းလာတဲ့ Data များကို validate လုပ်ဖို့ရာအတွက် Proof-of-Work (Consensus Algorithm) ကိုအသုံးပြုမယ်
  • Application အတူ ထည့်သွင်းသုံးစွဲမည့် Crypto currency — bitcoin ရဲ့ Cryptographic Theory ကနှင့်တကွ
  • Transaction များကို Block များအသွင်ဖြင့်တည်ဆောက်ပြီး သတ်မှတ် Amount ပြည့်သွားပါက Block တစ်ခု commit လုပ်ခါ ရှေ့တွင်လုပ်ပီးသား Block ရဲ့ Tail နဲ့ ချိတ်ဆက်ပြီး Chain (ချိန်းကြိုး) အသွင် Data သိမ်းမယ် ဆိုပြီး Idea ကို publish လုပ်ခဲ့ပါတယ်။

ဒီ White paper ရဲ့ မှာက DTL Technology နဲ့ cryptographic secured chains တို့ကို Application နဲ့ကိုက်ညီအောင် ပြင်ဆင်ထားပြီး PoW လို့ခေါ်တဲ့ Consensus Mechanisms ကို ပါ ဖော်ပြထားခြင်းဖြစ်ပါတယ်။

ဒီ Mechanisms ကြောင့် ယနေ့ခေတ်မှာ Mining ဆိုတဲ့ Transaction Validation process ကိုအလုပ်တစ်ခုအဖြစ်လုပ်ကိုင်ကျတဲ့လူတွေပေါ်ပေါက်လာပါတယ်။

2009 ခုနှစ်မှာတော့ Nakamoto က ပထမဆုံး Blockchain အသုံးပြုထားတဲ့ Bitcoin application ကို bitcoin crypto unit နှင့်တကွ Implement လုပ်ပြီး Public ကိုရောက်ရှိလာပါတယ်။

ခုနကပြောသလို 2009 ခုနှစ် ဝန်းကျင်ထိ Blockchain ရဲ့ ဦးတည်ချက်က Finance sector များကိုပဲဦးတည်ခဲ့ပါတယ်။ ဒါကြောင့်လဲ Blockchain concept မှာ crypto currency က Default အားဖြင့်ပါဝင်လျက်ရှိခဲ့ပါတယ်။

ဒီလိုနဲ့ 2014 ကိုရောက်တဲ့အခါမှာတော့ Blockchain Technology ဟာ Finance sector များတင်မကပဲ အခြားသော Sector များကိုပါ ဦးတည်သင့်ကြောင်း Blockchain community ကလူတွေက သ‌ဘောပေါက်လာပါတယ်။ ဒါကြောင့် ရှိပြီးသား Blockchain concept ကိုပြုပြင်ပြီး Currency နဲ့ Blockchain concept အဖြစ် သပ်သပ်စီ ခွဲချ လိုက်ပါတယ်။ ဒါကို Blockchain 2.0 လို့ခေါ်ကျပါတယ်။

နောက် Blockchain Vendor များဟာ အသုံးပြုချင်တဲ့ Business Area အလိုက် Blockchain concept များကို Tailoring လုပ်ပြီး သုံးစွဲခဲ့ကျပါတယ်။ Consensus Mechanisms အသစ်များလဲပေါ််ပေါက်လာပါတယ်။

Types of Blockchain

Blockchain မှာလဲ Accessibility ပေါ်မူတည်ပြီး Private, Public blockchain ဆိုပြီး ခွဲထားပါတယ်။ သုံးတဲ့ Blockchain Technology ကို Access Control (more or less) ပေါ်မူတည်ပြီး Permissioned, Permissionless blockchain ဆိုပြီး Category ထပ်ခွဲလို့ရပါတယ်။

များသောအားဖြင့် Private Blockchain ဆိုရင် Permissioned blockchain ၊ Public Blockchain ဆိုရင် permissionless blockchain ဆိုပြီး ခွဲခြားလို့ရပါတယ်။

အသေးစိတ်ပြောရရင်တော့ Private Blockchain ပေမယ့် Permission Less ဖြစ်တာမျိုးလဲရှိနိုင်သလို ၊ Public Blockchain ပေမယ့် Permissioned ဖြစ်နေတာမျိုးလဲ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Blockchain ဟာ Customizable ဖြစ်နေလို့ပါ။

ဥပမာ — Etherum Blockchain ဟာ Public Blockchain ပါ။ ဒါပေမယ့် Private Blockchain အနေနဲ့ ကိုယ်ပိုင်ဆာဗာများနဲ့ Main net ပေါ်မှာ မ Run ပဲ သတ်မှတ်ထားတဲ့ Server များဖြင့်သာ Run လို့ရပါတယ်။ အဲအခါ ဒီ Network ဟာ Private Blockchain, Permissionless ဆိုတဲ့ဟာမျိုးဖြစ်သွားနိုင်ပါတယ်။

Permissionless Blockchain ဆိုတာကတော့ ဘယ်သူမဆို (node - it can be any device - mobile, pc, server) Network ကို Join ပိုင်ခွင့်ရှိပြီး Blockchain ထဲမှာ Data များကို Read, Commit (write), Validate လုပ်ပိုင်ခွင့်ရှိပါတယ်။ Transaction များဟာ သက်ဆိုင်ရာ Blockchain Explorer များမှတဆင့် Transparency ရှိရှိမြင်နေရမှာဖြစ်ပါတယ်။

Permissioned Blockchain ဆိုတာကတော့ မည်သူမဆို Join ပိုင်ခွင့်မရှိသလို၊ Data များကိုလည်း Read/Write Access များကို ကန့်သတ်ထားပါတယ်။ Blockchain settings များကို Authority level များဖြင့်ထိန်းချုပ်ထားပြီး Blockchain Transaction များကို Third party များမှ ဝင်ကြည့်လို့မရအောင် လုပ်ထားနိုင်ပါတယ်။

Blockchain ကို စတင်အသုံးပြုဖို့ Blockchain Platform ရွေးချယ်ရာမှာ ကိုယ်သုံးမယ့် Business ရဲ့ Domain ကို Analysis အရင်လုပ်ပြီး Private/ Public, Permissioned/ Permissionless လားဆိုတာကို စစ်ထုတ်ပြီးရွေးချယ်သင့်ပါတယ်။ မဟုတ်ရင် ကိုယ်သုံးချင်တဲ့ Design နဲ့မကိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

အသုံးပြုဖို့ အတွက် Blockchain Platform များကို Blockchain Platofrms ဆိုတဲ့ ခေါင်းစဥ်အောက်မှာဖတ်ပေးပါ။

Key Features of Blockchain

Blockchain 1.0 တုန်းကတော့ Blockchain နဲ့ Cryptocurrencies ဟာ ပူးတွဲလျက်ရှိပြီး Blockchain 2.0 မှာတော့ ခွဲထွက်သွားပါပြီ။ ဒီ အပိုင်းမှာတော့ ခုနောက်ဆုံး Blockchain version ရဲ့ Key Features များကို ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

အဓိက Key Features များမှာတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Blockchain ကို Vendor တဦးစီပေါ်မူတည်ပြီး အဓိပ္ပာယ်သတ်မှတ်တာခြင်းမတူပါဘူး။ ဒီ Key features များကို ဖော်ပြရာတွင် ကျွန်တော် 101 Blockchain ကို References ယူထားပါတယ်။

01 Cannot be corrupted

ဒါကိုပဲ တချို့က Immutable ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုကျပါတယ်။ သူ့ ရဲ့ဆိုလိုရင်းကတော့ Blockchain ထဲရောက်ပြီးသား Data များကို ပြုပြင်လို့မရ ဖျက်စီးလို့မရ ပဲရှိနေမှာပါ။ Blockchain ထဲကို Join ထားတဲ့ Node တိုင်းမှာ Ledger Copy ရှိပါတယ် (တနည်းအားဖြင့် Data copy ပေါ့) ။

မြင်အောင်ပြောရရင်တော့ Bank မှာသုံးတဲ့ Blockchain network ပဲဆိုပါစို့။ မသမာသူက Node ထဲက Ledger မှာ ကိုယ်ပိုင်‌ငွေ Amount ကို ၁၀၀ မှာ ၁၀၀၀၀၀၀ သို့ပြောင်းလဲလိုက်ရင် တခြား သော Node များမှ Detected ဖြစ်ပြီး Data အမှန် ၁၀၀ သို့ပြန်ပြင်သွားမှာဖြစ်ပါတယ်။ ထို့အတူပဲ Data ကိုဖျက်ပစ်လို့လဲမရပါဘူး ။

02 Decentralized Technology

Decentralized ဖြစ်တာကြောင့် ကိုယ်ပိုင် Assets များပေါ်မှာ တပါးသူက ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး အသုံးပြုသူအနေနဲ့ Cryptocurrencies များ Contract များနဲ့ အရေးကြီးသော Document များကို Blockchain မှာသိမ်းဆည်းထားနိုင်ပါတယ်။ အသုံးပြုသူမှလွဲပြီး တပါးသူရဲ့ Force (အာဏာ) နဲ့ အတင်းအကြပ် ပိတ်ပင်တာမျိုးလုပ်လို့မရပါဘူး

မြင်အောင်ပြောရရင် ဘဏ်မှာ ငွေအပ်တယ်ပဲဆိုပါစို့။ အဲဘဏ်က ခင်ဗျားကို ငွေလွှဲခွင့်ပိတ်လိုက်ရင် ခင်ဗျား Bank account က Freeze ဖြစ်သွားပြီး ငွေလွှဲငွေထုတ်လို့မရတော့ပါဘူး။ အဲလို အာဏာမျိုးက ဘဏ်ကပိုင်ဆိုင်ထားပါတယ်။ ဘာလို့လဲဆိုတော့ Centralized system ဖြစ်နေတာကြောင့်ပါ။

03 Enhanced Security

Blockchain မှာ Data Security, Transaction Security စသဖြင့် Security ပိုင်းနဲ့ပတ်သတ်ပြီး layer တွေအများကြီးရှိပါတယ်။ အသုံးပြုမယ့် Blockchain Platform ပေါ်မူတည်ပြီး Security layer များထားသိုပုံမတူကျပါဘူး။ Blockchain ထဲကို သွင်းမယ့် Data ရဲ့ Hash ကိုအသုံးပြုပြီး ရှေက Committed ဖြစ်သွားတဲ့ Transaction ရဲ့ Hash ရယ် လက်ရှိဖြစ်မယ့် Data ရဲ့ hash ကို Header နဲ့ Tail မှာ ထည့်သွင်းပြီး Chain ပုံစံထားတတ်ကျပါတယ်။

များသောအားဖြင့် Blockchain ပေါ်မှ ကိုယ်သွင်းလိုက်တဲ့ Data ကို Access လုပ်ဖို့ရာအတွက် ကိုယ့်မှာ Private Key ရှိပြီး Transaction လွှတ်ဖို့ရာအတွက် Public Key ရှိနေပါတတ်ပါတယ်။

04 Distributed Ledger

နံပတ် ၁ အချက်မှာပြောခဲ့သလိုပဲ Blockchain ထဲကို Join ထားတဲ့ Node တိုင်းမှာ Ledger Copy ရှိပါတယ် (တနည်းအားဖြင့် Data copy ပေါ့) ။ ဒီနေရာမှာတော့ Blockchain အမျိုးအစားပေါ်မူတည်ပြီး ကွဲလွဲမှု အနည်းငယ်ရှိပါတယ်။

ဥပမာ Private Blockchain တစ်ခု ရန်ကုန် နဲ့ မန္တလေး နဲ့ ချိတ်ထားတဲ့ Private Blockchain Network တစ်ခုပဲဆိုပါစို့။ ရန်ကုန်မှာရှိတဲ့ Node 1 မှာ Data သွင်းလိုက်ပြီး Validation Process ပြီးတာနဲ့ ဒီ Data ဟာ Mandalay ရဲ့ Node2 မှာပါ Ledger copy အဖြစ်ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဲအချိန် တောင်ကြီး မြို့က Node3 အနေနဲ့ Network ကို Join လိုက်ရင် ဖြစ်ပြီးခဲ့သမျှ Ledger copy များဟာ Node3 ကို Sync ဖြစ်သွားမှာဖြစ်ပါတယ်။

05 Consensus

Blockchain မှာပါသုံးတဲ့ Consensus Mechanisms ဆိုတာ Blockchain ဟာ ဘယ်လိုအလုပ်လုပ်မယ်ဆိုတာကို သတ်မှတ်တဲ့ Mechanisms အမျိုးအစားဖြစ်ပါတယ်။ Blockchain Platform ပေါ််မူတည်ပြီး တစ်ခုနဲ့ တစ်ခု မတူညီကျပါဘူး။

ဥပမာ — Node အမျိုးအစားတွေ Transaction Validation စစ်ပုံတွေ အသုံးပြုမယ့် Cryptography တွေ စသည်ဖြင့် Blockchain အမျိုးစားပေါ်မူတည်ပြီး ကွဲပြားလေ့ရှိပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင် Blockchain များဟာဝင်လာတဲ့ Transaction များကို ဘယ်လို ပုံစံ Validation လုပ်မယ်ဆိုတဲ့ Algorithms ဖြစ်ပါတယ်။ ဒီ Consensus ဟာ Blockchain ရဲ့အသက်လို့တောင်ပြောလို့ရပါတယ်။

ဥပမာ- Public Blockchain များဟာ (ယနေ့အချိန် ၂၀၂၁) တွင် သိန်းပေါင်းများစွာသော Node တွေဟာ ဝင်လာတဲ့ Transactions များကို validate လုပ်နေကျတာဖြစ်ပါတယ်။ Consensus ကတော့ ဒီ Process ကို အဆင်ပြေပြေ ချောချောမွေ့မွေ့ နဲ့ မြန်မြန် ဆန်ဆန်ပြီးမြှောက်ဖို့ရာ အတွက်ကို ကူညီပေးတဲ့ Algorithms ဖြစ်ပါတယ်။ (Bitcoin လိုဟာမျိုးပေ့ါ )

အောက်ဖော်ပြပါပုံကတော့ လက်ရှိ မှာ သုံးနေတဲ့ Consensus တွေပဲဖြစ်ပါတယ်။

အသုံးများတာကတော့-

  1. Proof of Work (Bitcoin, Ethereum, etc)
  2. Proof of Stake (Ethereum, etc)
  3. Proof of Authority (Ethereum, etc)

တို့ပဲဖြစ်ပါတယ်။

Proof-of-Work (PoW) ကြောင့် Mining ဆိုတဲ့ Process ပေါ်လာတာဖြစ်ပါတယ်။ PoW ရဲ့အလုပ်လုပ်ပုံကို နောက်များမှ အလျင်းသင့်သလိုဖော်ပြပေးသွားပါ့မယ်။

06 Faster Settlement

ပုံမှန် Bank တစ်ခုကနေ တစ်ခုကို Geo Location မတူတဲ့အနေအထားမှာ ငွေလွှဲတာက ရက်အတော်ကြာတတ်ကျပါတယ်။ ဥပမာ US ကနေ SG, SG မှတဆင့် မြန်မာ ကိုလွှဲမယ်ဆိုရင် အဆင့်ဆင့် ဖြတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို Blockchain ရဲ့ နဂို မူအရ လွယ်လွယ်ကူကူကျော်ဖြတ်နိုင်အောင်လုပ်ပေးထားကျပါတယ်။

နောက်တစ်ခုက တော့ Smart Contract ဆိုတဲဟာပဲဖြစ်ပါတယ်။ ဒီ အပိုင်းကတော့ Blockchain တိုင်းမှာပါတဲ့ Features တစ်ခုမဟုတ်ပါဘူး။ တချို့များဟာ Default Support လုပ်ပေးထားတတ်ပြီး တချို့ ကျတော့ ကိုယ်ပိုင် customize လုပ်လို့ရပါတယ်။ Smart contract ဆိုတာက အပြင်မှာရှိတဲ့ Contract များလိုပဲ Digital form ပြောင်းပြီးအလုပ်လုပ်နိုင်တဲ့ Application တစ်မျိုးပါပဲ။

ဥပမာ — အိမ်ငှားထားတယ်။ အိမ်ငှားစာချုပ် ပြည့်တိုင်း ဘာလုပ်မယ်ဆိုတဲ့ Rules တွေကို Program instruction အဖြစ်ပြောင်းလဲရေးထားတဲ့ Application တစ်မျိုးပဲဖြစ်ပါတယ်။

ဒီလို Smart contract တွေကိုလဲ Blockchain မှာမြုပ်ပြီးသုံးလို့ရပါတယ်။

How Blockchain Work

အပေါ်မှာဆွေးနွေးခဲ့သလိုပဲ Blockchain ရဲ့အလုပ်လုပ်ပုံဟာ သက်ဆိုင်ရာ Consensus Mechanisms ပေါ်မူတည်ပါတယ်။ အကြမ်းဖြင်းအလုပ်လုပ်ပုံကို ပဲရှင်းပြပေးပါ့မယ်။

Book analogy နဲ့ပြောရမယ်ဆိုရင် Book ဟာ Blockchain ပဲစိုပါစို့ ၊ စာရွက်မှာပါတဲ့ စာကြောင်းတွေက Blockchain transaction တွေဖြစ်ပြီး စာရွက်ပြည့်တိုင်း နောက်စာရွက်ကို ကူးရတာဟာ New Block ဖြစ်တာနဲ့တူပါတယ်။ စာရွက်တိုင်းမှာပါတဲ့ စာမျက်နှာ နံပတ် များဟာလဲ Block No များနဲ့ဆင်တူပါတယ်။ စာရွက်များဟာ တရွက်နဲ့တရွက်အကြောင်းအရာဆက်စပ်မှုရှိနေပြီး တစ်ရွက်ပျောက်တာနဲ့ ချက်ချင်း သိရှိနိုင်ပါတယ်။

ဒီလိုပဲ Blockchain မှာလဲ Blockchain ထဲကို Transaction ပစ်မယ့်လူဟာ ပစ်မယ့် Data ရဲ့ Content ရယ် Signature ရယ် ကိုသုံးပြီး Data ကို Encrypt လုပ်ကာ Network ကိုပေးပို့ပါတယ်။

လက်ခံရရှိတဲ့ Node က Transaction ကို Validation လုပ်ပြီး Node အချင်းချင်းမျှဝေပါတယ်။ Node တိုင်းက Transaction ကို Valid ဖြစ်ကြောင်းသဘောတူတယ်ဆိုရင် Validator node က Transaction ကို Endorse လုပ်ပြီး Block ထဲသိမ်းပါတယ်။

သတ်မှတ်ထားတဲ့ Transaction အရေအတွက်ပြည့်ရင် Block ကို Nonce လို့ခေါ်တဲ့ (Random String) ရယ် ရှေ့က Block တစ်ခုလုံးရဲ့ Hash ရယ် ကို လက်ရှိ Block ရဲ့ Header ထဲမှာထည့်ပါတယ်။ လက်ရှိ Block ရဲ့ Hash ကိုတော့ Block ရဲ့ tail ထဲမှာထည့်ပြီး Commit လုပ်ပါတယ်

ဒီလိုနဲ့ Transaction Block တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကျပြီး Chain ပုံစံဖြစ်နေတာကြောင့် Blockchain လို့ခေါ်ရတာဖြစ်ပါတယ်။

အသေးစိတ်အလုပ်လုပ်ပုံက Consensus များပေါ်မူတည်ပါတယ်။ အထက်ပါရှင်းပြချက်ဟာ Overall မျှသာဖြစ်ပါတယ်။

I referenced this photo from Toshendra Sharma of Blockchain-Council

Blockchain Platforms

နာမည်ကြီးတဲ့ Blockchain Platforms တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

Ethereum

Ethereum ဆိုတာက Open-Source Blockchain Platform ဖြစ်ပါတယ်။ Smart Contract များကို Implement လုပ်လို့ရပြီး EVM လို့ခေါ်တဲ့ Ethereum Virtual Machine ပါရှိပါတယ်။ Ether လို့ခေါ်တဲ့ Crypto Unit တစ်ခုလဲ ပါဝင်ပါတယ်။ Industry ကတော့ ဘယ်လို Industry မျိုးမှာမဆိုသုံးလို့ရအောင်ရည်ရွယ်ထားတာဖြစ်ပြီး Permissionless အမျိုးအစား Public Blockchain ဖြစ်ပါတယ်။ PoW Consensus ကိုအသုံးပြုထားပါတယ်။

လက်ရှိ Proof-of-stake ဆိုတဲ့ Consensus ကိုပါ Develop လုပ်နေပါတယ်။

Quorum

J.P. Morgan က Implement လုပ်ထားတာဖြစ်ပြီး Ethereum ရဲ့ Enterprise version လို့လဲပြောလို့ရပါတယ်။ Etherum ကိုပဲ ပြန်ပြင်ထားပြီး Permissioned network အတွက်ကိုရည်ရွယ်ထားတာဖြစ်ပါတယ်။ သူ့မှာက Raft Algorithms နဲ့ IBFT Algorithms ဆိုပြီး Consensus ၂ မျိုးရှိပါတယ်။ ၂ ခုစလုံးကတော့ Majority Voting အမျိုးအစားဖြစ်ပါတယ်။ Crypto Unit ကတော့ Ether ပဲဖြစ်ပြီး Private blockchain ဖြစ်တာကြောင့် Crypto unit ကတော့ ဒီနေရာမှာ အရမ်းအရေး မပါ ပါဘူး။

Hyperledger Fabric

Hyperledger ဆိုတဲ့ Blockchain ဆိုင်ရာ Project တစ်ခုဖြစ်ပါတယ်။ အဓိကက IBM နဲ့ Linux Foundation တို့ပူးပေါင်းပြီး ရေးထားတဲ့ Project တစ်ခုဖြစ်ပါတယ်။ Hyperledger Fabric ကဆိုရင် ဒီ Project တွေထဲက အခွဲတစ်ခုဖြစ်ပါတယ်။ Hyperledger Project များဟာ Prermissioned network ကို ဦးစားပေးပြီး Consensus အနေနဲ့ Kafka, Raft, IBFT တို့ အပြင်အခြားသော Consensus များကို ပါ Puluggable လုပ်လို့ရပါတယ်။ Smart Contract Functionality ပါဝင်ပြီး Industry မျိုးစုံအတွက် ရည်ရွယ်ပါတယ်။

Hyperledger Fabric v 2.0 မှစပြီး Token Unit ပါဝင်လာခဲ့ပါတယ်။ အစောပိုင်း Version များမှာ Crypto unit ပါဝင်ခြင်းမရှိပါဘူး။

တခြားသော Hyperledger project အခွဲများမှာ Hyperledger Sawtooth, Hyperledger Iroha တို့ပဲဖြစ်ပါတယ်။

Blockchain Applied Area in 2021

၂၀၁၆ နောက်ပိုင်းမှစပြီး Blockchain Technologies ဟာသိသိသာသာတိုးတက်လာလျက်ရှိပါတယ်။ တစတစ အသုံးများလာခဲ့ပြီး ၂၀၂၁ အထိ အသုံးများလာတဲ့ Domain Area တွေကတော့့

  • Supply Chain Management
  • Healthcare
  • Cybersecurity
  • Financial Sector
  • Gaming Industry
  • Blockchain In Governance
  • Digital Identity Management
  • Crowdfunding

စတဲ့ Area တွေမှာအသုံးများကျပါတယ်။

Job Roles with Blockchain

Blockchain Technology တိုးတက်လာတဲ့အမျှ လုပ်ငန်းခွင်ကျွမ်းကျင်သူအရေအတွက်များဟာပိုမိုလိုအပ်လျက်ရှိပါတယ်။ အရှင်းဆုံးမြင်အောင်ပြောရရင် Blockchain နဲ့ပတ်သတ်ပြီး Job role ကို ၂ ပိုင်းခွဲလို့ရပါတယ်။

  • Blockchain Developer
  • Blockchain Administrator

ဆိုပြီးခွဲလို့ရပါတယ်။

Blockchain Developer ဆိုတာကတော့ Smart Contract များကို ရေးရတဲ့အလုပ်ဖြစ်ပြီး Blockchain Administrator ကတော့ Blockchain Network တည်ဆောက်တဲ့နေရာမှာ Server maintenance လုပ်ရမှာဖြစ်ပါတယ်။

ဒီ Job role ရဲ့ စလုံးမှာဆိုရင် တလကို SGD 7000 ကနေ SGD 10000 ကျော်ထိ ပေးပြီးခေါ်တာကိုတွေ့ရပါတယ်။

လက်ရှိကျတော်ကတော့ Blockchain Research Leader အနေနဲ့ လုပ်ကိုင်လျက်ရှိပြီး Blockchainနဲ့ပတ်သတ်တာ သိချင်တာများရှိရင်လည်း မေးမြန်းနိုင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

References:

https://www.computerworld.com/article/3191077/what-is-blockchain-the-complete-guide.html https://hackernoon.com/databases-and-blockchains-the-difference-is-in-their-purpose-and-design-56ba6335778b https://techbeacon.com/security/blockchain-vs-relational-database-which-right-your-application https://www.investopedia.com/tech/blockchain-technologys-three-generations/

https://academy.binance.com/en/articles/what-is-a-blockchain-consensus-algorithm https://www.investopedia.com/terms/c/consensus-mechanism-cryptocurrency.asp https://blockgeeks.com/guides/blockchain-consensus/ https://assets.kpmg/content/dam/kpmg/pdf/2016/06/kpmg-blockchain-consensus-mechanism.pdf?aid=fndrabg_p?aid=fndrabg_p https://corporatefinanceinstitute.com/resources/knowledge/other/distributed-ledger-technology/ https://101blockchains.com/introduction-to-blockchain-features/ https://www.newamerica.org/digital-impact-governance-initiative/blockchain-trust-accelerator/reports/blueprint-blockchain-and-social-innovation/key-attributes-of-blockchain/ https://www2.deloitte.com/content/dam/Deloitte/in/Documents/industries/in-convergence-blockchain-key-characteristics-noexp.pdf https://www.quora.com/What-are-the-key-attributes-of-a-blockchain https://www.ibm.com/blogs/cloud-computing/2017/04/11/characteristics-blockchain/

https://builtin.com/blockchain/blockchain-companies-roundup https://www.leewayhertz.com/blockchain-platforms-for-top-blockchain-companies/ https://101blockchains.com/blockchain-vendors/

By Justin Thein Kyaw.

--

--